အစိုးရအဖွဲ့သည်-
(က) ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်သော အမျိုးသားအဆင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသည့် ကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။