ပုဒ်မ ၉
ပုဒ်မ ၉
ဦးစီးကော်မတီ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဦးစီးကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

(က) ဗဟိုကော်မတီက ချမှတ်ထားသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ သို့မဟုတ် လုပ်ငန်းစီမံချက်များကို လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ခြင်း၊

(ခ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် ခြင်း၊

(ဂ) ဆိုက်ဘာတိုက်ခိုက်ခြင်း တစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်မီတုံ့ပြန်ကာကွယ်မှုစနစ်အား စီမံထားရှိ နိုင်ရန် ဆောင်ရွက်ခြင်း၊

(ဃ) အမျိုးသားဆိုက်ဘာနယ်ပယ် လုံခြုံမှုရှိစေရန် ဆက်စပ်ဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(င) ဆိုက်ဘာလုံခြုံရေး သို့မဟုတ် ဆိုက်ဘာမှုခင်းများနှင့် သက်ဆိုင်သော ကွန်ဗင်းရှင်းများ၊ သဘောတူ စာချုပ်များ၊ သဘောတူညီချက်များတွင် နိုင်ငံတော်မှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် သင့် မသင့် ဗဟိုကော်မတီသို့ လေ့လာတင်ပြခြင်း၊

(စ) နိုင်ငံတော်မှ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်သော ဆိုက်ဘာလုံခြုံရေး သို့မဟုတ် ဆိုက်ဘာမှုခင်းဆိုင်ရာ ကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များ၊ သဘောတူညီချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဆ) ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာအလွဲအသုံးပြုခြင်း သို့မဟုတ် ဆိုက်ဘာမှုခင်းများနှင့်သက်ဆိုင်သည့် သတင်းအချက် အလက်များဖလှယ်ခြင်း၊ စုံစမ်းစစ်ဆေး ခြင်း၊ အရေးယူခြင်းတို့နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဇ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကြံပြုချက်များအား အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း၊ အသိပေးကြေညာခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာခြိမ်းခြောက်မှုဖြစ်စဉ်တို့ကို သတင်း ထုတ်ပြန်ခြင်း၊ အသိပေးကြေညာခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊

(ဈ) အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံကာကွယ်ခြင်းလုပ်ငန်းများကို ဆိုက်ဘာ လုံခြုံရေးကျိုးပေါက်မှု အရေးပေါ်စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ည) အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ သတင်းအချက်အလက်များအား သတ်မှတ်ချက်နှင့်အညီ သိမ်းဆည်းခြင်း ရှိ မရှိ စိစစ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်း၊

(ဋ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာအဖွဲ့ကို စိစစ်ခွင့်ပြုပေးခြင်း၊ ယင်းအဖွဲ့များ လိုက်နာရမည့် စည်းကမ်းချက် များ သတ်မှတ်ထုတ်ပြန်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဖွဲ့စည်းတည်ထောင်ထားသော ဆိုက်ဘာလုံခြုံရေး ဆိုင်ရာအဖွဲ့ကို စိစစ်အရေးယူခြင်း၊

(ဌ) ဤဥပဒေအရ ကောက်ခံရမည့် လိုင်စင်ကြေး၊ မှတ်ပုံတင်ကြေး၊ ဒဏ်ကြေး သို့မဟုတ် အခြား အခကြေးငွေများကို သတ်မှတ်ခြင်း၊

(ဍ) ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့်၊ တပ်ဆင်သည့်၊ ပြည်ပမှ တင်သွင်းလာသည့် ဆိုက်ဘာ အရင်းအမြစ်များနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ခြင်းနှင့် စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊

(ဎ) ဤဥပဒေပါ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးရန် လိုအပ်ပါက ဗဟိုကော်မတီ၏ သဘောတူခွင့်ပြုချက်ဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ် ပေးခြင်း၊

(ဏ) ဗဟိုကော်မတီသို့ လုပ်ငန်းအစီရင်ခံစာများနှင့် အခြားလိုအပ်သော အစီရင်ခံစာများအား အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်တင်ပြခြင်း၊

(တ) ဗဟိုကော်မတီက အခါအားလျော်စွာပေးအပ်သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်း တာဝန် များကို ထမ်းဆောင်ခြင်း။