ပုဒ်မ ၇၄
ပုဒ်မ ၇၄
အထွေထွေ

ဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ဆက်သွယ်ရေးကဏ္ဍနှင့်သက်ဆိုင် သည့် နည်းပညာစံချိန်စံညွှန်းကိစ္စများ၊ လှိုင်းနှုန်းစဉ်များ စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စများ၊ အသုံးပြုသူကို အကာအကွယ်ပေးခြင်းဆိုင်ရာကိစ္စများ၊ နိုင်ငံတော်အတွင်းဆက်သွယ်ရေးကဏ္ဍတိုးတက်စေရေးအတွက် မဟာဗျူဟာများ ချမှတ်ခြင်း စသည့်ကိစ္စများတွင် အကြံပြုပေးနိုင်ရေးအတွက် အစိုးရအဖွဲ့၏သဘော တူညီချက်ဖြင့် အမိန့်ကြေညာချက် ထုတ်ပြန်ပြီးဝန်ကြီး သို့မဟုတ် ဝန်ကြီးမှ တာဝန်ပေးအပ်သူက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ အသုံးပြုသူများ၊ကျွမ်းကျင်သူပညာရှင်များ၊ ဦးစီးဌာန စသည်တို့မှ ကိုယ်စားလှယ်များက အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပါဝင်စေလျက် အမျိုးသားဆက်သွယ်ရေးအကြံပေးကော်မတီကို ဖွဲ့စည်းရမည်။ ကော်မတီ၏ လုပ်ငန်းတာဝန်များကို သီးခြားပြဋ္ဌာန်းပေးရမည်။