ပုဒ်မ ၄၆
ပုဒ်မ ၄၆
မတည်ရင်းနှီးငွေ၊ သီးသန့်ရန်ပုံငွေနှင့် အဓိကကျသည့် ပိုင်ဆိုင်မှု

(က) ပုဒ်မ ၄၃ နှင့် ပုဒ်မ ၄၅ တို့ပါ ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့်သက်ဆိုင်ခြင်း မရှိစေရ-

     (၁) အောက်ပါကိစ္စရပ်များအတွက် ဘဏ်ကပိုင်ဆိုင်ရရှိသည့် မဲပေးပိုင်ခွင့်ရှိသော အစုရှယ်ယာများ-

(ကက) မိမိရရန်ရှိသော ကြွေးမြီအတွက် လက်ခံရရှိသည့် အစုရှယ်ယာများ၊

(ခခ) တာဝန်ခံ၍ ရောင်းချပေးခြင်း အစီအစဉ်အရ ဘဏ်ကတစ်နှစ်အတွင်း သို့မဟုတ် ဗဟိုဘဏ်က ခြွင်းချက်ဖြင့် တစ်နှစ်ထက်ပို၍ ခွင့်ပြုပေးသည့် ကာလအတွင်း ထုတ်ရောင်းမည့် အစုရှယ်ယာများ၊

     (၂) ကိုယ်စားလှယ်၊ ယုံမှတ်အပ်နှံသူ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် မဲပေးနိုင်သည့် အစု ရှယ်ယာများ ရယူခြင်း။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ ပုဒ်မခွဲငယ်စိတ် (ကက) အရ ဘဏ်တစ်ခု၏ မဲပေးနိုင်သည့် အစုရှယ်ယာများကို ရယူသော အခြားဘဏ်သည် အဆိုပါမဲပေးသည့် အစုရှယ်ယာများကို ရယူကြောင်း ဗဟိုဘဏ်သို့ အကြောင်းကြားရမည်။