(က) အီလက်ထရောနစ်နည်းဖြင့် စာရင်းသွင်း၍ရသည့် ချက်လက်မှတ်ဖြင့် ထုတ်ယူမည့် ငွေပေး ချေမှုအတွက် ဘဏ်သို့ အီလက်ထရောနစ်နည်းလမ်းဖြင့် ချက်လက်မှတ် တင်ပြနိုင်သည်။
(ခ) ပုဒ်မခွဲ (က)အရ ချက်လက်မှတ်ကို အီလက်ထရောနစ်နည်းဖြင့် တင်ပြရာတွင် ဘဏ်သည် အခြား ဘဏ် သို့မဟုတ် စာရင်းရှင်းလင်းရေးအဖွဲ့အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းပံ့ပိုးသူ တတိယပုဂ္ဂိုလ်မှ တစ်ဆင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။ ယင်းဝန်ဆောင်မှုပေးသူ ကို ဘဏ်၏ ကိုယ်စားလှယ်အဖြစ် မှတ်ယူရမည်။
(ဂ) ချက်လက်မှတ်ပုံရိပ် သို့မဟုတ် အီလက်ရောနစ်နည်းဖြင့် စာရင်းသွင်း၍ရသည့် ချက်လက်မှတ်ကို တရားရုံး တစ်ရုံးရုံးတွင် တင်ပြသည့် ချက်လက်မှတ်စာရွက်နှင့် တူညီသည်ဟု အသိအမှတ်ပြု လက်ခံရ မည်။
(ဃ) ရန်ပုံငွေလွှဲပြောင်းခြင်းကို ချက်လက်မှတ်ပုံရိပ် သို့မဟုတ် အီလက်ရောနစ်နည်းဖြင့် စာရင်းသွင်း၍ ရသည့် ချက်လက်မှတ်(truncated cheque) ဖြင့် တစ်ကြိမ်အစားထိုးပြီးလျှင် မူရင်းချက်လက်မှတ် ကို ထပ်မံ၍ လွှဲပြောင်းခြင်းမပြုနိုင်။