ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဤဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လမ်းညွှန် ခြင်း၊
(ခ) ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် မူဝါဒများ ချမှတ်နိုင်ရန် အကြံပြုတင်ပြခြင်း၊
(ဂ) သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ မူဝါဒများ ချမှတ် နိုင်ရန် အကြံပြုတင်ပြခြင်း၊
(ဃ) သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ရေးနှင့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ် တည်ထောင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးခြင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အကြံပြုချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(င) ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု ကို ကြီးကြပ်ခြင်း၊
(စ) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးအတွက် လမ်းညွှန်ခြင်း၊
(ဆ) သဘာဝသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်း၊
(ဇ) ဤဥပဒေပါ ကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် ပြည်ပနိုင်ငံများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဈ) သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) အရ အယူခံမှုအပေါ် စိစစ်ဆုံးဖြတ်ခြင်း။