ပုဒ်မ ၇၂
ပုဒ်မ ၇၂
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း

ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်မှာ ပုဒ်မ ၇၁၊ ပုဒ်မခွဲ (က) ပါ အချက်များနှင့် အကျုံးဝင်စေကာမူ အောက်ပါအချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်ပါက အခြားနည်းလမ်းဖြင့် လွှဲပြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းမပြုရ-

(က) သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိထောင်ဒဏ် သို့မဟုတ် နှစ် ၂၀ ထောင်ဒဏ် ချမှတ်နိုင်သော ပြစ်မှုအပါအဝင် ထောင်ဒဏ်ခုနစ်နှစ်နှင့်အထက် ပြစ်ဒဏ်ပေးနိုင်သောပြစ်မှုကို ကျူးလွန် ခဲ့ခြင်း၊

(ခ) အကျင့်စာရိတ္တ လွန်ကဲစွာပျက်စီးနေသော သို့မဟုတ် ထိန်းသိမ်း၍ မရနိုင်လောက်အောင် ဆိုးသွမ်း နေသော ကလေးသူငယ်ဖြစ်ကြောင်း ခိုင်လုံသောအထောက်အထားများ တွေ့ရှိခြင်း၊

(ဂ) ထောင်ဒဏ် သုံးနှစ်နှင့်အထက် ပြစ်ဒဏ်ပေးနိုင်သော ပြစ်မှုတစ်ခုခုဖြင့် ပြစ်ချက်ဟောင်းရှိသူ ဖြစ်ခြင်း။