မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို အနည်းဆုံးသုံးနှစ်မှ အများဆုံး တစ်ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် -
(က) လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် သို့မဟုတ် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ် စေခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း၊ ယင်း တိရစ္ဆာန်ကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ သွေးရည်ကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း သို့မဟုတ် သယ်ဆောင်ခြင်း၊
(ခ) လုံးဝကာကွယ်ထားသည့် သဘာဝအပင် သို့မဟုတ် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ် ထိန်းချုပ်သည့် အပင်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် တစ်နည်း နည်းဖြင့် ဖျက်ဆီးခြင်း၊ ယင်းအပင်ကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိ သည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ စုဆောင်းခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့်လွှဲပြောင်း ခြင်း၊
(ဂ) နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်နှင့် အပင်များကို ပုဒ်မ ၂၃၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ထုတ်ပေးထားသော ထောက်ခံချက်မရရှိဘဲ ပြည်တွင်းသို့ တင်သွင်း ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်ပသို့ တစ်ဆင့်ခံတင်ပို့ခြင်း။