ပုဒ်မ ၉
ပုဒ်မ ၉
ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များ

ဒေသဆိုင်ရာကော်မတီအသီးသီးသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီနှင့် ကော်မတီအဆင့်ဆင့်တို့၏ လမ်းညွှန်မှုနှင့် ကြီးကြပ်မှုကိုခံယူ၍ ဆောင်ရွက်ရမည်။