ပုဒ်မ ၁၆
ပုဒ်မ ၁၆
ဥပဒေထုတ်ပြန်ခြင်း၊ အာဏာတည်ခြင်း၊ ရုပ်သိမ်းခြင်း

ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်ကို အခြားဥပဒေတရပ်ရပ်ဖြင့် ရုပ်သိမ်းပြီးသည့်နောက်၊ ရုပ်သိမ်း ခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်ကို အစားထိုးသည့် အနေဖြင့်ဥပဒေအသစ်တရပ် ပြဋ္ဌာန်းသည့်အခါ မည်သည့် ဥပဒေ၊ သို့မဟုတ် စာချုပ်စာတမ်းတွင်မဆို ရုပ်သိမ်းခြင်းခံရသော မူလဥပဒေ ပြဋ္ဌာန်းချက်ကို ရည်ညွှန်း ခြင်းသည်၊ အဆိုပါဥပဒေသစ်ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။