ခေါင်းပုံဖြတ်ခြင်း (Exploitation) ဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် ကလေးသူငယ်ကို ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေခြင်း၊ အခြားတစ်နည်းနည်းဖြင့် လိင်ပိုင်းဆိုင်ရာကိစ္စပြုလုပ်စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေ ခြင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်းကိုဖြစ်စေ၊ ကလေးသူငယ်၏ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကို ဖြစ်စေ ပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံ ရယူခြင်း သို့မဟုတ် လက်ခံရယူရန် သဘောတူခြင်းပါဝင်သည်။