မည်သူမဆို ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့်သော်လည်းကောင်း၊ ဘဏ်လုပ်ငန်းရှင်၊ ကုန်သည်၊ အရောင်း အဝယ်ကိုယ်စားလှယ်၊ ပွဲစား၊ အကျိုးဆောင်ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင် လျက်သော်လည်းကောင်း ပစ္စည်းကို သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် ယုံကြည် အပ်နှံခံရသည်တွင် ထိုပစ္စည်းနှင့်စပ်လျဉ်း၍ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။