ဤဥပဒေပြဋ္ဌာန်းသည့်နေ့မတိုင်မီ ကလေးသူငယ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၉/ ၉၃) အရ ကလေးသူငယ်ကိုဖြစ်စေ၊ လူငယ်ကိုဖြစ်စေ အရေးယူခဲ့သော သို့မဟုတ် စစ်ဆေးစီရင်ခဲ့သော ပြစ်မှုနှင့်စပ်လျဉ်း၍-
(က) အသက် ၁၀ နှစ် မပြည့်သေးသော ကလေးသူငယ်အား ချမှတ်သည့် ပြစ်ဒဏ်များ သို့မဟုတ် ဆုံးဖြတ်ချက်များသည် ပျက်ပြယ်စေရမည်။
(ခ) သင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီစောင့်ရှောက်ရေးဂေဟာတွင်ဖြစ်စေ၊ အကျဉ်းထောင် တွင်ဖြစ်စေ ထိန်းသိမ်းခြင်းခံနေရသော အသက် ၁၀ နှစ်အောက်ရှိသောကလေးသူငယ်များကို မိဘ၊ အုပ်ထိန်းသူ၊ ပြုစုစောင့်ရှောက်သူ သို့မဟုတ် လူမှုဝန်ထမ်းအရာရှိ၏ ပြုစုစောင့်ရှောက်မှုသို့ ဆောလျင်နိုင်သမျှ ဆောလျင်စွာ လွှဲပြောင်းပေးရမည်