ဦးစီးဌာနသည် လိုင်စင်ရရှိသူက လိုင်စင်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ အခန်း (၅) ပါ တာဝန်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ပုဒ်မ ၃၈ အရ ညွှန်ကြားချက်ကိုဖြစ်စေ၊ ပုဒ်မ ၅၁ အရ ဦးစီးဌာန၏ စေ့စပ်ညှိနှိုင်းဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပုဒ်မ ၅၂ ပုဒ်မခွဲ (ခ) အရ ဝန်ကြီးဌာန၏ ဆုံးဖြတ် ချက်ကို ဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း ထိုသူအား အောက်ပါ စီမံ ခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(က) သတိပေးခြင်း၊
(ခ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
(ဂ) လိုင်စင်ကို ပယ်ဖျက်ခြင်း။