ပုဒ်မ ၃၈၂
ပုဒ်မ ၃၈၂
ခိုးမှုကိုကျူးလွန်ရန်အလို့ငှာ သေစေရန်ဖြစ်စေ၊ နာကျင်စေရန်ဖြစ်စေ၊ တားဆီးရန်ဖြစ်စေ ပြင်ဆင်ပြီးမှ ကျူးလွန်သော ခိုးမှု

ခိုးမှုကိုကျူးလွန်ရန် အလို့ငှာသော်လည်းကောင်း၊ ခိုးမှုကိုကျူးလွန်ပြီးနောက် ထွက်ပြေး လွတ်မြောက်ရန်အလို့ငှာသော်လည်းကောင်း၊ ခိုးမှုကိုကျူးလွန်၍ရရှိသောပစ္စည်းကို ဆက်လက်ထားရှိ နိုင်ရန်အလို့ငှာ သော်လည်းကောင်း သူတစ်ဦးဦးကိုသေစေရန် သို့မဟုတ် နာကျင်စေရန် သို့မဟုတ် တားဆီးရန် သို့မဟုတ် သေစေမည်ဟုဖြစ်စေ၊ နာကျင်စေမည်ဟုဖြစ်စေ၊ တားဆီးခံရမည်ဟုဖြစ်စေ ကြောက်ရွံ့စေရန် ပြင်ဆင်ပြီးမှ မည်သူမဆိုခိုးမှုကိုကျူးလွန်လျှင် ထိုသူကိုအလုပ်ကြမ်းနှင့် ဆယ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။

ဥပမာများ

(က) A သည် Z ၏ လက်ရှိမှပစ္စည်းကို ခိုးယူ၏။ ထိုသို့ ခိုးယူရာတွင် အကယ်၍ Z က ခုခံခဲ့သော် Z ကို နာကျင်စေရန် အလို့ငှာ ယမ်းထိုးပြီး ပစ္စတိုသေနတ်တစ်လက်ကို မိမိ၏ အဝတ်အတွင်း၌ ထားရှိ၏။ A သည် ဤပုဒ်မတွင် အဓိပ္ပာယ်ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်သည်မည်၏။

(ခ) ဖြစ်ပျက်ပုံ အခြေအနေကို Z မြင်၍ ခုခံခဲ့လျှင်သော်လည်းကောင်း၊ မိမိအား Z က ဖမ်းဆီးရန် အားထုတ်ခဲ့လျှင်သော်လည်းကောင်း Z ကို တားဆီးရန်အလို့ငှာ မိမိ၏ အပေါင်းအဖော်များကို အနီးအပါး တွင် နေရာချထား၍ A သည် Z ကို ခါးပိုက်နှိုက်၏။ A သည် ဤပုဒ်မတွင် အဓိပ္ပာယ်ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်သည်မည်၏။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ.

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်းအာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။