ပုဒ်မ ၃၈၀
ပုဒ်မ ၃၈၀
နေအိမ် စသည်တို့အတွင်းတွင် ခိုးမှု

လူနေထိုင်ရန်သော်လည်းကောင်း၊ ပစ္စည်းသိုလှောင်ရန်သော်လည်းကောင်း အသုံးပြုသော အဆောက်အအုံ သို့မဟုတ် တဲ သို့မဟုတ် ရေယာဉ်တစ်ခုခုအတွင်းတွင် မည်သူမဆို ခိုးမှုကိုကျူးလွန်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ.
  5.  မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။