(က) မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိက မွေးစားခြင်းကို မှတ်ပုံတင်ပြီးသည့်အခါ မွေးစားခြင်းမပြုမီက မွေးစားခံရသည့် ကလေးသူငယ်၏ မိဘများနှင့် အုပ်ထိန်းသူများတွင် ရှိခဲ့သော အခွင့်အရေးများနှင့် တာဝန်များကို ရပ်ဆိုင်းပြီး မွေးစားမိဘထံ လွှဲပြောင်းပေးပြီးဖြစ်သည်ဟု မှတ်ယူ ရမည်။
(ခ) မွေးစားခံရသည့် ကလေးသူငယ်တစ်ဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ သို့မဟုတ် ဓလေ့ထုံးထမ်းဥပဒေနှင့်အညီ မွေးစားမိဘ၏ အမွေဆက်ခံရန် အခွင့်အရေးနှင့် အခြားအခွင့်အရေး များရရှိစေရမည်။