စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကိစ္စရပ်များတွင် ဘဏ်ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်အဖြစ် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များက ဆောင်ရွက်နိုင်သည်-
(က) နိုင်ငံပိုင်ဘဏ် မဟုတ်သည့် ပြည်တွင်းဘဏ် တစ်ခုအတွက် ဘဏ်ပိုင်ဆိုင်သူများက ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် အခြားပုဂ္ဂိုလ်တစ်ဦးအား ခန့်အပ်ထားခြင်းမရှိပါက ဘဏ်ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌရာထူးအား လက်ရှိဆောင်ရွက်နေသူ သို့မဟုတ် ၎င်းက အခွင့်အာဏာ အပ်နှင်းထားသည့် ကိုယ်စားလှယ်၊
(ခ) နိုင်ငံပိုင်ဘဏ်တစ်ခုအတွက် အစိုးရအဖွဲ့ သို့မဟုတ် ၎င်းဘဏ်က အခွင့်အာဏာအပ်နှင်းခြင်း ခံရသူ၊
(ဂ) နိုင်ငံခြားဘဏ်တစ်ခု၏ လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲတစ်ခုအတွက် နိုင်ငံခြားဘဏ်၏ အမှုဆောင်အရာရှိချုပ် သို့မဟုတ် ၎င်း၏လက်ထောက်။