မည်သူမဆို လင်ဖြစ်စေ၊ မယားဖြစ်စေ အသက်ရှင်လျက်ရှိသည်ဖြစ်၍ ထပ်မံထိမ်းမြားရာတွင် ထိုလင်ဖြစ်စေ၊ ထိုမယားဖြစ်စေ အသက်ရှင်လျက်ရှိခြင်းကြောင့် အဆိုပါ ထိမ်းမြားခြင်း ပျက်ပြယ်သော ကိစ္စမျိုး၌ ထပ်မံထိမ်းမြားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။
ကင်းလွတ်ချက်။ မူလထိမ်းမြားခြင်းသည် ပျက်ပြယ်သည်ဟု စီရင်ပိုင်ခွင့်ရှိသော တရားရုံးက စီရင် ဆုံးဖြတ်ပြီးဖြစ်လျှင် ဤပုဒ်မနှင့်မသက်ဆိုင်စေရ။ အထက်လင် သို့မဟုတ် မယား သက်ရှိထင်ရှားရှိစဉ် အတွင်း ထပ်မံထိမ်းမြားသည့်ကိစ္စတွင် ထိုလင် သို့မဟုတ် ထိုမယားသည် ခုနစ်နှစ် တိုင်တိုင် လာရောက် ခြင်းမရှိလျှင်လည်းကောင်း၊ ထိုအချိန်အတွင်း ထိုလင် သို့မဟုတ် ထိုမယား သက်ရှိထင်ရှားရှိသည်ဟု မကြား ခဲ့လျှင်လည်းကောင်း၊ ထပ်မံထိမ်းမြားမည့်သူကို ထိမ်းမြားခြင်းမပြုမီ မိမိသိသမျှဖြစ်သော အကြောင်းခြင်းရာ အမှန်ကို ဖွင့်ပြောလျှင်လည်းကောင်း ဤပုဒ်မနှင့် မသက်ဆိုင်စေရ။
ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။