ပုဒ်မ ၇၁
ပုဒ်မ ၇၁
ပြစ်မှုနှင့်ပြစ်ဒဏ်များ

မည်သူမဆို ဤဥပဒေအရ ဦးစီးဌာနကသော်လည်းကောင်း၊ ဦးစီးဌာနက ဖွဲ့စည်းသော စစ်ဆေး ရေးအဖွဲ့ကသော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ဝတ္တရားဆောင်ရွက်ခြင်းကို ဟန့်တား ခြင်း သို့မဟုတ် တားဆီးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းပြုလျှင် ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။