ပုဒ်မ ၃၇
ပုဒ်မ ၃၇
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

အုပ်ချုပ်ရေးမှူးသည် -

(က) စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်သည့်အခါ သဘာဝထိန်းသိမ်းရေးနယ်မြေမှဖြစ်စေ၊ အစိုးရအဖွဲ့က စီမံအုပ်ချုပ်သည့် သို့မဟုတ် အစုရှယ်ယာ မတည်ငွေရင်းပါဝင်သည့် တိရစ္ဆာန် ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်မှဖြစ်စေ ထွက်ရှိသောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

(ခ) ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသော ပစ္စည်းကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ စီမံခန့်ခွဲရမည်။