မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
(က) ထောက်ခံချက်၊ ခွင့်ပြုချက်၊ မှတ်ပုံတင်၊ ပါမစ် သို့မဟုတ် လိုင်စင်တစ်ခုခုရရှိရန် ဤဥပဒေ အရ လျှောက်ထားရာတွင် မမှန်မကန်ဖော်ပြခြင်း၊
(ခ) ဤဥပဒေအရ ထုတ်ပေးသော ထောက်ခံချက်၊ ခွင့်ပြုချက်၊ မှတ်ပုံတင်၊ ပါမစ် သို့မဟုတ် လိုင်စင်ကို မရိုးမဖြောင့်သော သဘောဖြင့် ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း။