ဥပဒေတွင် မည်သို့ပါရှိစေကာမူ အောက်ဖော်ပြပါ အကြောင်းအရာများမှအပ အများပြည်သူဝင် ရောက်ခြင်းကို ကန့်သတ်ထားသော သီးသန့်ရုံးခန်း၌ ဆောင်ရွက်သည့် တရားစီရင်သော မှုခင်းတစ်ရပ် နှင့် စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန်တိကျခိုင်လုံသော အစီရင်ခံစာကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှုမမြောက်စေရ-
(က) တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊
(ခ) အများပြည်သူဆိုင်ရာမူဝါဒအရဖြစ်စေ၊ အပ်နှင်းထားသော အခွင့်အာဏာများကိုကျင့်သုံး၍ဖြစ်စေ၊ တရားရုံးက အတိအလင်းတားမြစ်ပိတ်ပင်ထားသည့် တရားစီရင်သောမှုခင်းတစ်ရပ်၏ သတင်းအချက် အလက်များနှင့် သရုပ်ဖော်ပြချက်များကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊
(ဂ) တရားစီရင်သောမှုခင်းတစ်ရပ်တွင် အငြင်းပွားလျက်ရှိသော လျှို့ဝှက်ထားရမည့်လုပ်ငန်းစဉ် စူးစမ်း ရှာဖွေတွေ့ရှိချက် သို့မဟုတ် တီထွင်မှု စသည်တို့နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပုံနှိပ် ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း။