ပုဒ်မ ၄၃၆
ပုဒ်မ ၄၃၆
အိမ်အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီးဖြင့် သို့မဟုတ် ပေါက်ကွဲတတ်သောအရာဖြင့် အကျိုး ဖျက်ဆီးမှု

မည်သူမဆို ကိုးကွယ်ဝတ်ပြုသောနေရာအဖြစ်ဖြင့်သော်လည်းကောင်း၊ နေအိမ်အဖြစ်ဖြင့်သော် လည်းကောင်း၊ ပစ္စည်းများသိုလှောင်ထိန်းသိမ်းသော နေရာအဖြစ်ဖြင့်သော်လည်းကောင်း သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန်ကြံရွယ်ချက်ဖြင့်ဖြစ်စေ၊ မိမိကထိုသို့ ပျက်စီးစေမည် ဖြစ်တန်ရာသည်ကိုသိလျက်နှင့်ဖြစ်စေ မီးဖြင့် သို့မဟုတ် ပေါက်ကွဲတတ်သောအရာတစ်ခုခုဖြင့် အကျိုး ဖျက်ဆီးမှုကိုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်        
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။