ပုုဒ်မ ၃၇
ပုုဒ်မ ၃၇
ဆိုက်ဘာမှုခင်းများဖော်ထုတ်ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်ခြင်းများအား ကာကွယ်ခြင်း

ဤဥပဒေအရ ဦးစီးကော်မတီက ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများသည် ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည် -

(က) ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံး ပြုခြင်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးခြင်း၊

(ခ) ဆိုက်ဘာမှုခင်းများကို စုံစမ်းဖော်ထုတ်ရာတွင် သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များအား အကူအညီပေးခြင်းနှင့် ဆိုက်ဘာမှုခင်းများ၏ အန္တရာယ်ကို အကဲဖြတ်ခြင်း၊

(ဂ) ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံး ပြုခြင်းဖြစ်စဉ်မှ တစ်ဆင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအန္တရာယ်များမဖြစ်ပေါ်စေရန် ကာကွယ်တားဆီးခြင်း၊

(ဃ) ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာ အလွဲအသုံးပြု ခြင်းဖြစ်စဉ်ဖြစ်ပေါ်နိုင်မှု အလားအလာနှင့် ဖြစ်ပွားလာပါက သက်ရောက်နိုင်မှုအလားအလာတို့ကို အကဲဖြတ်ခြင်း၊

(င) သက်ဆိုင်ရာကဏ္ဍအလိုက် ဆိုက်ဘာလုံခြုံရေးအဆင့်၏အားသာချက်နှင့် အားနည်းချက်တို့ကို စောင့်ကြည့်အကဲဖြတ်ပြီး ဆိုက်ဘာလုံခြုံရေးအဆင့်မြှင့်တင်နိုင်ရေး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများကို အကြံပြုခြင်း၊

(စ) ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာ အလွဲအသုံးပြု ခြင်းတို့ကို စိစစ်ဖော်ထုတ် အရေးယူခြင်း၊

(ဆ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ သို့မဟုတ် ဒီဂျစ်တယ် ပလက်ဖောင်းဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူ၏ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အကဲဖြတ်ခြင်း၊

(ဇ) အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်းနှင့် ဒီဂျစ်တယ်ဓာတ်ခွဲခန်းများအတွက် နည်းပညာ အကူအညီ ပေးခြင်း။