မည်သူမဆို ပုဒ်မ ၄၆၇ တွင် ဖော်ပြထားသည့် စာတမ်းအမှတ်အသား အစစ်အမှန်ဖြစ်ကြောင်း ထင်ရှားစေရန်အလို့ငှာ အသုံးပြုသော ပစ္စည်းကိရိယာကို သို့မဟုတ် အမှတ်အသားကို လိမ်လည်အတုပြု ထားသော စာတမ်းအမှတ်အသားအတွက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုပေါ်တွင် နောင်တွင် လိမ်လည် အတုပြုမည်ဖြစ်သော စာတမ်းအမှတ်အသားအတွက် အစစ်အမှန်ဖြစ်ဟန်ရှိအောင် အသုံးပြုစေရန် ကြံရွယ်ချက်ဖြင့်ဆိုခဲ့သော ပစ္စည်းကိရိယာကိုသော်လည်းကောင်း၊ အမှတ်အသားကိုသော်လည်းကောင်း ဆိုခဲ့သော အရာဝတ္ထုတစ်ခုခုအပေါ်၌ဖြစ်စေ၊ အထဲ၌ဖြစ်စေ အတုပြုလျှင် သို့မဟုတ် ဆိုခဲ့သော ကြံရွယ် ချက်ဖြင့် အပေါ်၌ဖြစ်စေ၊ အထဲ၌ဖြစ်စေ ဆိုခဲ့သော ပစ္စည်းကိရိယာကို သို့မဟုတ် အမှတ်အသားကို အတုပြုထားသည့် အရာဝတ္ထုကို မိမိထံ၌ လက်ရှိထားလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။