ပုဒ်မ ၉
ပုဒ်မ ၉
အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များ

မှုခင်းကိစ္စတခုခုကို ရုံးတခုခု၌ နေ့တနေ့တွင် ပြုလုပ်ဆောင်ရွက်ရန် ဥပဒေတရပ်ရပ်က ပြဋ္ဌာန်းထား ရာ၌ အဆိုပါနေ့သည် ရုံးပိတ်ရက်နေ့ဖြစ်လျှင် ထိုမှုခင်းကိစ္စကို ထိုရုံးပြန်လည်ဖွင့်လှစ်သည့်နေ့တွင် ပြုလုပ် ဆောင်ရွက်သော် ယင်းမှုခင်းကိစ္စကို သတ်မှတ်ထားသောအချိန်အတွင်း ပြုလုပ်ဆောင်ရွက်သည်ဟု မှတ်ယူ ရမည်။

ခြွင်းချက်။ ။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည် “ကာလစည်းကမ်းသတ် ဥပဒေ”တွင် အကျုံးဝင်သော မှုခင်း ကိစ္စနှင့် မသက်ဆိုင်စေရ။