ပုဒ်မ ၄၀၀
ပုဒ်မ ၄၀၀
ဓားပြဂိုဏ်း၌ ပါဝင်သူအတွက် ပြစ်ဒဏ်

မည်သူမဆို ဓားပြမှုကိုအမြဲတစေ ကျူးလွန်ရန်အလို့ငှာ ဖွဲ့စည်းထားသော ဂိုဏ်းအုပ်စု တစ်ခုခု၌ ပါဝင်သူဖြစ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ဆယ်နှစ်ထိ ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်.
  4. ကျေအေးခွင့် မရှိ

စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။