ပုဒ်မ ၄၃၅
တန်ဖိုးငွေတစ်သောင်းကျပ် သို့မဟုတ် ယင်း၏အထက်တန်ဖိုး သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းထွက် ပစ္စည်းဖြစ်လျှင် တန်ဖိုးငွေ တစ်ထောင်ကျပ် သို့မဟုတ် ယင်း၏အထက်တန်ဖိုးကိုဆုံးရှုံးစေရန် ကြံရွယ် ချက်ဖြင့် မီးဖြင့်သော်လည်းကောင်း၊ ပေါက်ကွဲတတ်သောအရာဖြင့်သော်လည်းကောင်း အကျိုးဖျက်ဆီးမှု
မည်သူမဆို ပစ္စည်းတစ်ခုခုတွင် တန်ဖိုးငွေ တစ်သောင်းကျပ် သို့မဟုတ် ယင်း၏ အထက်တန်ဖိုးကို သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းထွက် ပစ္စည်းဖြစ်လျှင် တန်ဖိုးငွေတစ်ထောင်ကျပ် သို့မဟုတ် ယင်း၏ အထက် တန်ဖိုးကို ဆုံးရှုံးစေရန်ကြံရွယ်ချက်ဖြင့် သို့မဟုတ် ထိုသို့ဆုံးရှုံးစေတန်ရာသည်ကို သိလျက်နှင့် မီးဖြင့် သော်လည်းကောင်း၊ ပေါက်ကွဲတတ်သောအရာဖြင့်သော်လည်းကောင်း အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။
Related Law