(က) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊ အထူးကုမ္ပဏီအက်ဥပဒေနှင့် ကုမ္ပဏီများ လူမွဲခံယူ ခြင်းနှင့် သက်ဆိုင်သော အခြားဥပဒေ၏ ပြဋ္ဌာန်းချက်များသည် ဤအခန်းတွင် သတ်မှတ်ပြဋ္ဌာန်းထား ခြင်းမရှိလျှင် ဘဏ်တစ်ခုအား အကျိုးသက်ရောက် ခြင်း မရှိစေရ။
(ခ) ဘဏ်တစ်ခုအတွက် အပြီးသတ်အမိန့် သို့မဟုတ် ထိန်းသိမ်းသူ ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် မည်သည့် အသနားခံစာ ကိုမဆို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကသာ သက်ဆိုင်ရာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားတင်ပြရမည်။