ပုဒ်မ ၉၈
ပုဒ်မ ၉၈
အယူခံခြင်း

(က) မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိက ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ ကလေးသူငယ်အား မွေးစားခြင်းကို မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ထိုအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း လူမှုဝန်ထမ်းဦးစီးဌာနသို့ အယူခံနိုင်သည်။

(ခ) လူမှုဝန်ထမ်းဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အယူခံမှုကို စိစစ်ပြီး သက်ဆိုင်ရာမွေးစားခြင်း မှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိက ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းပြုနိုင်သည်။