လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များသည် အောက်ဖော်ပြပါ အခွင့်အရေးများ ရရှိစေ ရမည်-
(က) ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့မှ ကာကွယ်စောင့်ရှောက်မှုခံယူခွင့်၊
(ခ) အတင်းအကြပ် လိုက်နာစေရန် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် အခြားရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့ဂုဏ်သိက္ခာကျဆင်းစေသော အမူအကျင့်များပြုမူခြင်း သို့မဟုတ် ခိုင်းစေမှုကို မလိုက်နာသည့်အတွက် အပြစ်ပေးသည့်အနေဖြင့် စုဆောင်းခြင်း သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်စေခြင်းတို့မှ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှုခံယူခွင့်၊
(ဂ) အကြောင်းတစ်ရပ်ရပ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း၊ သို့မဟုတ် ပြင်ပသွားလာခွင့်မပြုသော စခန်းများတွင် နေစေခြင်းမှ ကင်းလွတ်ခွင့်၊
(ဃ) ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုခံရပြီး ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ကျူးလွန်ခံရသူကလေးသူငယ်များနှင့် အသက်မသေ ကျန်ရှိသူများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းပြန်လည်ထူထောင်ရေးနှင့် လူ့အဖွဲ့အစည်းတွင် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရန် သင့်လျော်သော အကူအညီရရှိခွင့်၊
(င) ထိခိုက်နစ်နာမှုများ၊ ဆုံးရှုံးမှုများအတွက် ပံ့ပိုးခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ကျူးလွန်သူများအား မှုခင်းများစွဲဆိုရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ အကူအညီရရှိခွင့်၊
(စ) ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လိုအပ်သော စာရွက်စာတမ်းများကို ရရှိခွင့်။