(က) ဥပဒေတိုင်းကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက လက်မှတ်ရေးထိုး ရမည်။ ယင်းကိုပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။
(ခ) ဥပဒေတရပ်ရပ်တွင် ယင်းဥပဒေအာဏာတည်သည့်နေ့ရက်ကို အတည့်အလင်း သတ်မှတ်ထားခြင်း မရှိလျှင် ယင်းဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက ကြေညာသည့်နေ့ရက် တွင် စတင်အာဏာတည်ရမည်။
(ဂ) ဥပဒေတရပ်ရပ်တွင် မည်သည့်နေ့ရက်မှစ၍ အာဏာတည်စေရမည်ဟု ဖော်ပြထားလျှင် ယင်းဥပဒေ သည် စတင်အာဏာတည်ရမည့်နေ့သို့ ကူးသည်နှင့်တပြိုင်နက် အာဏာတည်စေရမည်။