မိဘနှစ်ဦးကွဲကွာနေပါက-
(က) ကလေးသူငယ်နှင့် အတူနေထိုင်ပြီး စဉ်ဆက်မပြတ် ဆက်ဆံရေးရှိသော မိခင် သို့မဟုတ် ဖခင်သည် တစ်ဦးတည်းဖြစ်စေ၊ မိဘနှစ်ဦးလုံးက မျှဝေ၍ဖြစ်စေ ကလေးသူငယ်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိစေရမည်။
(ခ) ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများကို အဓိကထည့်သွင်းစဉ်းစားလျက် မိဘတစ်ဦးစီ ဖြစ်စေ၊ မိဘနှစ်ဦးလုံးဖြစ်စေ ကလေးသူငယ်ကို ကြီးပြင်းလာအောင် ကျွေးမွေးပြုစု စောင့်ရှောက်ရန် တာဝန်နှင့် ကလေးသူငယ်က ပိုင်ဆိုင်သော ပစ္စည်းများကို စီမံခန့်ခွဲပိုင်ခွင့် ရှိစေရမည်။