လူမှုဝန်ထမ်းအရာရှိ ဆိုသည်မှာ ဤဥပဒေပါ လူမှုဝန်ထမ်းအရာရှိ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသူကို ဆိုသည်။
(ကက) ကလေးသူငယ်ကြီးကြပ်သူ ဆိုသည်မှာ ဤဥပဒေပါ ကလေးသူငယ်ကြီးကြပ်သူ၏ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသူကို ဆိုသည်။
(ခခ) မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိ ဆိုသည်မှာ ဤဥပဒေအရ မွေးစားခြင်းကို မှတ်ပုံတင် ရန်အလို့ငှာ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ပေးအပ်ထားသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ပြည်ထောင်စုနယ်မြေလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံး တို့မှ လူမှုဝန်ထမ်းအရာရှိ အသီးသီးကို ဆိုသည်။
(ဂဂ) ထောင်ဒဏ်တစ်သက် ဆိုသည်မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူအား အကျဉ်းထောင်၌ သေဆုံးသည်အထိ ပြစ်ဒဏ်ကျခံစေရန် ချမှတ်သည့် ထောင်ဒဏ်ကို ဆိုသည်။