ပုဒ်မ ၅၀၄
ပုဒ်မ ၅၀၄
အများပြည်သူအေးချမ်းသာယာရေး ပျက်ပြားစေရန် အကြံဖြင့်တမင်စော်ကားခြင်း

မည်သူမဆို သူတစ်ဦးအား တမင်စော်ကား၍ ဒေါသထွက်စေမှုကို ပြုသည်တွင် ထိုသို့ ဒေါသထွက် စေမှုပြုခြင်းသည် ထိုသူက အများပြည်သူအေးချမ်းသာယာရေးကို ဖျက်ဆီးစေရန် အကြံဖြင့်သော်လည်း ကောင်း၊ ထိုသို့ဖျက်ဆီးတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ အခြားပြစ်မှုတစ်ခုခုကို ထိုသူက ကျူးလွန်စေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ ကျူးလွန်တန်ရာသည်ကို သိလျက်နှင့်သော်လည်း ကောင်း ပြုခြင်းဖြစ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4.  ကျေအေးခွင့် ရှိသည်။.
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။