လူမှုဝန်ထမ်းဦးစီးဌာနသည် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အောက်ဖော်ပြပါ သင်တန်း ကျောင်းများ၊ ယာယီစောင့်ရှောက်ရေးဂေဟာများကို တည်ထောင်ရမည်-
(က) ဤဥပဒေအရ ပို့အပ်သည့် ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ် သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်၏ ကာယ၊ ဉာဏ၊ စာရိတ္တတို့အပါအဝင် ကလေးသူငယ်တို့၏ အကျိုးအလို့ငှာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် တည်ထောင်ထားသော သင်တန်းကျောင်းများ၊
(ခ) ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသော ကလေးသူငယ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုမစတင်မီနှင့် စတင်စစ်ဆေးနေသည့်ကာလအတွင်းဖြစ်စေ၊ အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ် အရ ဆုံးဖြတ်ချက်မချမှတ်မီကာလအတွင်းဖြစ်စေ၊ ကလေးသူငယ်တရားရုံးက စစ်ဆေးစီရင်နေသည့် ကာလအတွင်းဖြစ်စေ ယာယီအုပ်ထိန်းရန်နှင့် ပြုစုစောင့်ရှောက်ရန် လိုအပ်သော ယာယီစောင့်ရှောက်ရေး ဂေဟာများ။