ပုဒ်မ ၃၄
ပုဒ်မ ၃၄
မတည်ရင်းနှီးငွေ၊ သီးသန့်ရန်ပုံငွေနှင့် အဓိကကျသည့် ပိုင်ဆိုင်မှု

(က) ဘဏ်များသည် ၎င်းတို့၏ မတည်ငွေရင်းကို အောက်ပါအတိုင်းထားရှိရမည်-

     (၁) နိုင်ငံတော်အတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ဘဏ်ဖြစ်လျှင် ယင်း၏ထည့်ဝင်ပြီး မတည် ငွေရင်းမှာ ကျပ်သန်းနှစ်သောင်း (ကျပ်      ၂၀ ဘီလီယံ ) အောက် မနည်းရှိခြင်း၊

    (၂) နိုင်ငံခြားဘဏ်၏ ဘဏ်ခွဲ သို့မဟုတ် လက်အောက်ခံအဖွဲ့အစည်းဖြစ်ပါက အမေရိကန်ဒေါ်လာ ၇၅ သန်းနှင့် ညီမျှသော ငွေပမာဏ အောက်မနည်း မတည်ငွေရင်း ထည့်ဝင်ပြီးဖြစ်ခြင်း။

(ခ) ပုဒ်မခွဲ(က)ပါမတည်ငွေရင်းကို ဗဟိုဘဏ်က ထုတ်ပြန်သည့် စည်းမျဉ်းများဖြင့် သတ်မှတ်သည့် အတိုင်း အခါအားလျော်စွာ တိုးမြှင့်နိုင်သည်။

(ဂ) ဘဏ်သည် အသားတင် မတည်ရင်းနှီးငွေကို ဆုံးရှုံးမှုများကြောင့် လျော့နည်းမှု မရှိစေဘဲ ဗဟိုဘဏ် က စည်းမျဉ်းများဖြင့် သတ်မှတ်ထားသည့် အချိုးအစားအတိုင်း အမြဲထိန်းသိမ်း ထားရှိရမည်။

(ဃ) ဤဥပဒေပါ ရည်ရွယ်ချက်များအတွက် ဘဏ်၏ ကနဦးမတည်ရင်းနှီးငွေသည် ထည့်ဝင်ပြီး မတည် ငွေရင်း ဖြစ်ရမည်။

(င) ဘဏ်သည် အစုရှယ်ယာ မတည်ငွေရင်းကို လျှော့ချလိုပါက ဗဟိုဘဏ်၏ စာဖြင့် ကြိုတင် ခွင့်ပြု ချက်ရယူရမည်။

(စ) လက်အောက်ခံ အဖွဲ့အစည်းရှိသော ဘဏ်သည် တစ်လုံးတစ်စည်းတည်းသော မတည်ရင်းနှီးငွေ ထားရှိမှုကို အခြေခံတွက်ချက်၍ လုံလောက်သော အနည်းဆုံးမတည်ရင်းနှီးငွေ အချိုးပြည့်မီစွာ ထားရှိရ မည်။

(ဆ) ဤဥပဒေအလို့ငှာ-

    (၁) အဓိက မတည်ငွေရင်း သို့မဟုတ် အလွှာ (၁) မတည်ငွေရင်း (Core capital or Tier 1 Capital) ဆိုသည်မှာ အပြည့်အဝ ထည့်ဝင်သည့် သာမန်အစုရှယ်ယာများနှင့် ထပ်တိုးစုဆောင်းထားခွင့်မရှိသော သက်တမ်းသတ်မှတ်ထားခြင်း မရှိသည့် ဦးစားပေးအစုရှယ်ယာများ (Perpetual non-cumulative preference shares)၊ မတည်ငွေရင်းမှ ခွင့်ပြုငွေများ (Capital grants) နှင့် ယင်းနှစ်အတွင်း ဆုံးရှုံး ငွေများ၊ နာမည်ကောင်းတန်ဖိုး၊ လုပ်ငန်းမလည်ပတ်မီ ကုန်ကျစရိတ်များ၊ ကြိုတင်ထုတ်ပေးသည့် ကုန် ကျစရိတ်များ၊ ရွှေ့ဆိုင်းထားသည့် စရိတ်များ (deferred charges)၊ ငှားရမ်းခွင့်များ(Leasehold rights) နှင့်ထိတွေ့၍ မရသော အခြားရရန်ပိုင်ခွင့်များကို နှုတ်ပယ်ပြီး အများပြည်သူသို့ ထုတ်ဖော်ကြေ ညာသော သီးသန့်ငွေများကို ဆို သည်။

   (၂) ဖြည့်စွက်မတည်ငွေရင်း သို့မဟုတ် အလွှာ (၂)မတည်ငွေရင်း ဆိုသည်မှာ အနာဂတ်ဆုံးရှုံးမှုများ အတွက် အထွေထွေလျာထားမှုများ၊ လက်ငင်းမဖော်ပြနိုင်သည့် ဆုံးရှုံးမှုများ၊ ပြန်လည်ရရှိရန် ဦးစားပေး အဆင့်တွင်မရှိသည့် ကြွေးမြီများ၊ ရွေးနုတ်နိုင်သော ဦးစားပေး အစုရှယ်ယာများအတွက် လျာထားငွေနှင့် ဗဟိုဘဏ်က အခါအားလျော်စွာ သတ်မှတ်နိုင်သည့် အခြားပုံစံတစ်မျိုးမျိုးဖြင့် မတည်ရင်းနှီးငွေ တို့ကို ဆိုသည်။

   (၃) စုစုပေါင်းမတည်ငွေရင်း ဆိုသည်မှာ အဓိက မတည်ရင်းနှီးငွေ (Core Capital) နှင့် ဖြည့်စွက် မတည်ငွေရင်း နှစ်ခုပေါင်း ကိုဆိုသည်။

   (၄) ဆုံးရှုံးနိုင်ခြေ အလေးပေးတွက်ချက်ထားသော စုစုပေါင်း ရရန်ပိုင်ခွင့်များနှင့် လက်ကျန်ရှင်းတမ်း၌ မပါဝင်သည့် ရရန်ရှိ ကြွေးမြီများဆိုသည်မှာ ဗဟိုဘဏ်က သတ်မှတ်ထားသည့် နည်းလမ်းဖြင့် ဆုံးရှုံး နိုင်ခြေ ကိုက်ညှိတွက်ချက်ထားသော မတူညီသော ရရန်ပိုင်ခွင့် အမျိုးအစားများနှင့် လက်ကျန်ရှင်းတမ်း တွင် မပါဝင်သည့် ရရန်ရှိကြွေးမြီများကို ဆိုသည်။