ပုဒ်မ ၂၆၀
အစိုးရတံဆိပ်ခေါင်းအတုမှန်းသိလျက်အစစ်အမှန်အဖြစ်ဖြင့် သုံးစွဲခြင်း
မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်း၏ အတုဖြစ်ကြောင်းသိလျက်နှင့် ထိုတံဆိပ်ခေါင်းအတုကို အစစ်အဖြစ်ဖြင့် သုံးစွဲလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ
- ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။
Related Law