သက်ဆိုင်ရာလုပ်ငန်းကော်မတီသည် ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်း ဖြစ်စဉ်တစ်ခုခုနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရသော အောက်ပါ ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ဆိုက်ဘာအရင်းအမြစ်ကို သတ်မှတ်ချက်နှင့်အညီ သိမ်းဆည်းပြီး အချက်အလက် ဆန်းစစ်ခြင်း ပြုလုပ်နိုင်သည်-
(က) ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြု ခြင်းဖြစ်စဉ်တစ်ခုခုနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရသော ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြုသူ သို့မဟုတ် အသုံးပြုခဲ့သည်ဟု သံသယရှိသူ၊
(ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆက်စပ်မှုရှိသူ။