ဘဏ်၏ ရရန်ပိုင်ခွင့်များကို အောက်ပါဦးစားပေးအစီအစဉ်အရ မြီရှင်များအကြား ခွဲဝေပေးရမည်-
(က) အာမခံဖြင့် ကြွေးမြီများ၊
(ခ) လူမွဲစာရင်းခံယူရာတွင် ကုန်ကျငွေနှင့် စရိတ်အားလုံး၊
(ဂ) ကြွေးမြီသက်သေခံလက်မှတ်များပုံစံဖြင့် မဟုတ်ဘဲ အပ်နှံငွေနှင့် ပတ်သက်၍ တောင်းခံမှုများ၊
(ဃ) စီမံခန့်ခွဲခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ဗဟိုဘဏ်သို့ ပေးရန်ရှိသော ပေးရန်တာဝန်များ စာရင်း အရ ဘဏ်၏ ပေးရန်တာဝန်များ၊
(င) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အဆုံးအဖြတ်မတိုင်မီ တစ်နှစ်ထက်မပိုသော အချိန်ကာလ တစ်ခုထိ ပေးရန်ရှိသော နိုင်ငံတော်နှင့် ပြည်တွင်းအခွန်အခများ၊
(စ) ဒါရိုက်တာအဖွဲ့ဝင်များ၏ လစာငွေများမပါဝင်ဘဲ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကိစ္စရပ်ပြုလုပ် ရန် အဆုံးအဖြတ်ပေးသော နေ့အထိ ပေးရန်ရှိသော ဘဏ်၏ ဝန်ထမ်းများသို့ ပေးရန်လစာငွေများ၊
(ဆ) အာမခံမဲ့မြီရှင်များ၏ တောင်းခံငွေများ၊
(ဇ) ပုဒ်မခွဲ (က) မှ (စ)တွင် မပါဝင်သော အခြားတောင်းခံငွေများ။