မည်သူမဆို ပစ္စည်းပါဝင်၍ ပိတ်ထားသည့် အရာကို သို့မဟုတ် ပစ္စည်းပါဝင်သည်ဟု မိမိ ယုံကြည်သော ပိတ်ထားသည့်အရာကို အပ်နှံခြင်းခံရသည်တွင် ထိုအရာကို ဖွင့်ပိုင်ခွင့်မရှိဘဲ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ အကျိုးဖျက်ဆီးမှုကိုကျူးလွန်ရန် အကြံဖြင့်ဖြစ်စေ ထိုအရာကို ဖောက်ဖွင့်လျှင် သို့မဟုတ် ဖွင့်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။