ပုဒ်မ ၅၇
ပုဒ်မ ၅၇
ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း

ပုဒ်မ ၅၆ ပါ အကြမ်းဖက်ခြင်းခံရသော ကလေးသူငယ်များအပါအဝင် အောက်ဖော်ပြပါ အခြေ အနေတစ်ရပ်ရပ်ကို တွေ့ကြုံခံစားရသော သို့မဟုတ် ပြုလုပ်ခြင်းခံရသော ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန်လိုသော ကလေးသူငယ်များအဖြစ် သတ်မှတ်သည်-

(က) မိဘ သို့မဟုတ် အုပ်ထိန်းသူမရှိသော ကလေးသူငယ်၊

(ခ) ရက်စက်သော သို့မဟုတ် ယုတ်မာသော မိဘအုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်တွင်ရှိသော ကလေးသူငယ်၊

(ဂ) အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းခံရသည့် ကလေးသူငယ်၊

(ဃ) လမ်းပေါ်နေကလေးသူငယ်၊

(င) တရားရုံးတွင် အမှုရင်ဆိုင်နေရသော ကလေးသူငယ်၊

(စ) လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရသော ကလေးသူငယ်၊

(ဆ) လူကုန်ကူးခံရသော ကလေးသူငယ်၊

(ဇ) ကွာရှင်းထားသည့် သို့မဟုတ် ခွဲခွာနေထိုင်သည့် မိဘများ၏ ကလေးသူငယ်၊

(ဈ) ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားရသော ကလေးသူငယ် သို့မဟုတ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသည့် မိဘများ၏ ကလေးသူငယ်၊

(ည) တောင်းရမ်းစားသောက်နေသော ကလေးသူငယ်၊

(ဋ) မူးယစ်ဆေးဝါးများ သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းပြုရာတွင် အသုံးချခံရသော ကလေးသူငယ်၊

(ဌ) စိတ်ပေါ့သွပ်နေသော သို့မဟုတ် ကူးစက်တတ်သည့် ရောဂါစွဲကပ်နေသော ကလေးသူငယ်၊

(ဍ) မိဘ သို့မဟုတ် အုပ်ထိန်းသူက ထိန်းသိမ်း၍ မရနိုင်လောက်အောင် ဆိုးသွမ်းနေသော ကလေးသူငယ်၊

(ဎ) သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့်ဖြစ်စေ ထိခိုက် ခံစားရသော ကလေးသူငယ်၊

(ဏ) ချို့တဲ့နွမ်းပါးသည့် မသန်စွမ်းကလေးသူငယ်၊

(တ) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော ကလေးသူငယ်။