ပုဒ်မ ၁၁၂
ပုဒ်မ ၁၁၂
ကူးပြောင်းကာလ ယာယီပြဋ္ဌာန်းချက်များ

ဤဥပဒေပြဋ္ဌာန်းသည့်နေ့မတိုင်မီ ကလေးသူငယ်က ကျူးလွန်ခဲ့သည် ပြစ်မှုများနှင့်စပ်လျဉ်း၍-

(က) ပြစ်မှုကြောင်းအရ အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့သည့် ကလေးသူငယ်ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/ ၉၃) ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) နှင့် (ခ) ကို ဤဥပဒေ ပုဒ်မ ၇၈၊ ပုဒ်မခွဲ (က) နှင့် (ခ) ဖြင့် အစားထိုးပြီးဖြစ်သကဲ့သို့ မှတ်ယူ၍ ဆက်လက်စစ်ဆေး စီရင်ရမည်။
 

(ခ) အသက် ၁၀ နှစ် မပြည့်သေးသော ကလေးသူငယ်ကကျူးလွန်ခဲ့သည့် မပြီးပြတ်သေးသောပြစ်မှုများကို မည်သည့်အဆင့်တွင် ရှိစေကာမူ ပိတ်သိမ်းရမည်။

(ဂ) အသက် ၁၆ နှစ် ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသော လူငယ်က ကျူးလွန်ခဲ့သည့် မပြီးပြတ်သေးသော ပြစ်မှုများကို ဤဥပဒေအရ ကလေးသူငယ်က ကျူးလွန်ခဲ့သည်ဟု မှတ်ယူပြီး ကလေးသူငယ်တရားရုံးများက ဆက်လက်စစ်ဆေးစီရင်ရမည်။