မည်သူမဆို မိန်းမတစ်ဦးဦး၏ ကာယိန္ဒြေကိုစော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်းပြုသည်တွင် သို့မဟုတ် အသံပြုသည်တွင် သို့မဟုတ် ကိုယ်အမူအရာကို ပြသသည်တွင် သို့မဟုတ် အရာဝတ္ထုတစ်ခုခု ကိုပြသည်တွင် ပြောဆိုသောစကားကိုဖြစ်စေ၊ ပြုသောအသံကိုဖြစ်စေ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့မဟုတ် ပြုသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောအရာဝတ္ထုကိုဖြစ်စေ ထိုမိန်းမအား မြင်စေရန် ကြံရွယ်လျှင် သို့မဟုတ် ထိုမိန်းမ၏ ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။