ပုဒ်မ ၂၇
ပုဒ်မ ၂၇
ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးများ

ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်း အသီး သီးသည် ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ် ထုတ်ပေးလျှင်-

(က) သတ်မှတ်သည့် အခကြေးငွေများကို ဗဟိုဘဏ်သို့ ပေးသွင်းရမည်။

(ခ) မည်သည့်အချိန်တွင်မဆို ယင်း၏လုပ်ငန်း သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များကို ဗဟိုဘဏ်က သတ်မှတ်တောင်းခံသည့် အချိန်ကာလအလိုက် အစီရင်ခံစာများကို တင်ပြ ရမည်။