ပုဒ်မ ၃ (ဘ)
ပုဒ်မ ၃ (ဘ)
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုသည်မှာ အရွယ်ရောက်သူကဖြစ်စေ၊ အခြားသော ကလေး သူငယ်ကဖြစ်စေ ကလေးသူငယ်အား သွေးဆောင်ဖြားယောင်းခြင်း၊ အဓမ္မတိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်းဖြင့် လိင်ပိုင်းဆိုင်ရာပြုမူလုပ်ဆောင်ခြင်း သို့မဟုတ် ထိုသို့ လုပ်ဆောင်ရန် အားပေးခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ကလေးသူငယ်အား လိင်ပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှုတို့လည်း ပါဝင်သည်-

(၁) ထိတွေ့ပွတ်သပ်ကိုင်တွယ်မှု၊ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်အတင်းအကြပ် ပြုလုပ်မှု၊

(၂) စီးပွားရေးအလို့ငှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်းပြုရန် အသုံးပြုခြင်း၊

(၃) အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ယက်များတွင် ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်း၊

(၄) အတင်းအကြပ်လက်ထပ်ခြင်း သို့မဟုတ် လက်ထပ်စေခြင်း။