ပုဒ်မ ၄၇၇-က
ပုဒ်မ ၄၇၇-က
စာရင်းများကို မဟုတ်မမှန် ပြုခြင်း

မည်သူမဆို စာရေး၊ အရာရှိ၊ အစေခံ တစ်မျိုးမျိုးဖြစ်လျက် သို့မဟုတ် စာရေး၊ အရာရှိ၊ အစေခံ တစ်မျိုးမျိုးအဖြစ်ဖြင့် စေခိုင်းခံရသူသော်လည်းကောင်း၊ ဆောင်ရွက်သူသော်လည်းကောင်းဖြစ်လျက် မိမိ၏အလုပ်ရှင်ပိုင်သော သို့မဟုတ် မိမိ၏အလုပ်ရှင် လက်ရှိဖြစ်သော သို့မဟုတ် ထိုသူအတွက်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ မိမိ လက်ခံရရှိသော စာအုပ်၊ စက္ကူ၊ အရေးအသား၊ အဖိုးတန်စာတမ်းအမှတ်အသား၊ စာရင်းတစ်ခုခုအား ဖျက်ဆီးခြင်း၊ ပြောင်းလဲခြင်း၊ ဆုတ်ဖြတ်ခြင်း၊ မဟုတ်မမှန်ပြုခြင်းတစ်ခုခုကို လိမ်လည်လှည့်ဖြားလိုသော ကြံရွယ်ချက်ဖြင့် တမင်ပြုလျှင် သို့မဟုတ် ဆိုခဲ့သော စာအုပ်၊ စက္ကူ၊ အရေး အသား၊ အဖိုးတန်စာတမ်း အမှတ်အသား၊ စာရင်း တစ်ခုခုတွင် လိမ်လည်လှည့်ဖြားလိုသော အကြံဖြင့် တမင်မဟုတ်မမှန် ရေးသွင်းချက်ကိုပြုလျှင် သို့မဟုတ် ထိုသို့ပြုခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ဆိုခဲ့ သော စာအုပ်၊ စက္ကူ၊ အရေးအသား၊ အဖိုးတန်စာတမ်းအမှတ်အသား၊ စာရင်းတစ်ခုခုမှသော်လည်း ကောင်း၊ အတွင်း၌သော်လည်းကောင်း လိမ်လည်လှည့်ဖြားလိုသော ကြံရွယ်ချက်ဖြင့် အရေးပါသော အချက်ကို တမင်မထည့်ဘဲ ပျက်ကွက်လျှင် သို့မဟုတ် ထိုပျက်ကွက်မှုကို အားပေးကူညီလျှင် သို့မဟုတ် ပြောင်းလဲလျှင် သို့မဟုတ် ထိုသို့ ပြောင်းလဲခြင်းကို အားပေးကူညီလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ရှင်းလင်းချက်။ လိမ်လည်လှည့်ဖြားရန် ကြံရွယ်ခြင်းခံရသူ၏ အမည်ကို မဖော်ဘဲ သို့မဟုတ် လိမ်လည် လှည့်ဖြားရန် ကြံရွယ်ခြင်းခံရသည့်ငွေကို အတိအကျမဖော်ပြဘဲ သို့မဟုတ် ပြစ်မှုကျူးလွန်သည့် နေ့ရက်ကို အသေအချာမဖော်ပြဘဲ လိမ်လည်လှည့်ဖြားရန် ယေဘုယျအကြံရှိကြောင်းကို ထုတ်ဖော် စွဲဆိုလျှင် ဤပုဒ်မအရ မည်သည့် စွဲချက်အတွက်မဆို လုံလောက်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ 
  5. .ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။