မည်သူမဆို လိမ်လည်မှုကျူးလွန်ရာ၌ ထိုသို့ကျူးလွန်ခြင်းနှင့် သက်ဆိုင်သော ကိစ္စတစ်ခုတွင် သူတစ်ဦး၏ အကျိုးကို ဥပဒေအရဖြစ်စေ၊ ဥပဒေနှင့်အညီပြုသည့် ပဋိညာဉ်အရဖြစ်စေ ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသော်လည်း ထိုသူအားမတရားသဖြင့် ဆုံးရှုံးခြင်းဖြစ်စေတန်ရာသည်ကို သိလျက် နှင့် လိမ်လည်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။