ပုဒ်မ ၃၂
ပုဒ်မ ၃၂
အပ်နှံငွေလက်ခံခြင်း၊ အပ်နှံငွေခေါ်ယူခြင်းတို့နှင့် စပ်လျဉ်း၍ ကန့်သတ်ချက်များ

ငွေရေးကြေးရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် ပြည်တွင်း သို့မဟုတ် ပြည်ပရှိ ပုဂ္ဂိုလ် တစ်ဦးဦးထံမှ အပ်နှံငွေရရှိရန် အောက်ပါဆောင်ရွက်မှုတစ်ခုခုကို ဗဟိုဘဏ်၏ စာဖြင့်ကြိုတင် ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်သည်-

(က) အပ်နှံငွေရရှိစေရန် ဆွဲဆောင်မှုပြုခြင်း သို့မဟုတ် အပ်နှံငွေ လက်ခံရယူခြင်း၊

(ခ) အပ်နှံငွေ လက်ခံရရှိရေးအတွက် သဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်း သို့မဟုတ် ထိုသို့ ချုပ်ဆိုရန် ကမ်းလှမ်းခြင်း။